မချစ်သင့်တော့ဘူးလို့ညာရင်း အလွမ်းနဲ့ဆုံးတဲ့ ဇာတ်လမ်းရယ်
မင်းလွှတ်ချခဲ့တဲ့ ဒီလက်များဟာ
ရုတ်တရက် အိပ်မက်လိုပျောက်ကွယ်
သိပ်ချစ်လိုက် ၊ မေ့ပစ်လိုက် ၊ မင်းထားခဲ့ပါဦးလား
လိမ်ညာလှည့်ပတ်လို့ နင်ကစား
မင်းမတွေးဘဲ အဝေးပြေးခဲ့ ၊ ပစ်ချခဲ့သူမင်းနဲ့ နောင်ဘဝအထိ မတွေ့လိုတော့ပါ။
မင်းနဲ့သွားခဲ့ဘူးတဲ့ နေရာလေးတိုင်းမှာ
အမှတ်ရစရာ ပြန်ရှာကြည့်တော့ကွာ
မင်းမချစ်နိုင်ခဲ့တဲ့ ဒီလူသား
အိပ်မက်တွေပျောက်ကာ ကျန်ခဲ့ရ
ဝေးလို့သွားတဲ့ရက်များထဲ
ငါ ဆုံးဖြတ်ချက်တွေ ပြတ်သားခဲ့
ရှုပ်ထွေးလွန်းလှတဲ့ နေ့စွဲများအလည်
ကိုယ်တိုင်ရုန်းထွက်ချင်ခဲ့လို့
မင်းနဲ့ဝေးရာထွက်ပြေးလာ
သတိရစိတ်တွေက တဒင်္ဂ
စိတ်ပျက်ခြင်းတွေသာ ရောက်လာ
ဒီလိုနဲ့ လမ်းခွဲကြပါစို့ကွာ
မချစ်သင့်တော့ဘူးလို့ညာရင်း အလွမ်းနဲ့ဆုံးတဲ့ ဇာတ်လမ်းရယ်
မင်းလွှတ်ချခဲ့တဲ့ ဒီလက်များဟာ
ရုတ်တရက် အိပ်မက်လိုပျောက်ကွယ်
သိပ်ချစ်လိုက် ၊ မေ့ပစ်လိုက် ၊ မင်းထားခဲ့ပါဦးလား
လိမ်ညာလှည့်ပတ်လို့ နင်ကစား
မင်းမတွေးဘဲ အဝေးပြေးခဲ့ ၊ ပစ်ချခဲ့သူမင်းနဲ့ နောင်ဘဝအထိ မတွေ့လိုတော့ပါ။
စိတ်နာရတဲ့ ဇာတ်လမ်းလေးကို
တခါပြန်မရချင်တော့ဘူး
အတိတ်မှာထားခဲ့ နင်နဲ့ငါ့ကမ္ဘာ
တခါပြန်မရောက်ချင်တော့ဘူး
မင်းသဘော မင်းစိတ်တိုင်းကျ
ထားပေးခဲ့လို့လား ?
ဂရုစိုက်ဖို့ နင် ဝေးကွာ ၊ $ရွဲ့တိုက်ချိန်များသာ
အရာရာအလျှော့ပေးထားပြီးမှ
ငါလိုနေချိန်တိုင်း မင်းမရှိပါ။