သူငယ်ချင်းအတွက်
Nyi Min Khine ညီမင်းခိုင်
★
မင်းသိပ်ချစ်တိုင်းလည်း
ပြန်ချစ်မယ်မထင်နဲ့
မင်း သတိရတိုင်းလည်း
သူသိမယ်မထင်နဲ့
သံယောဇဉ်တွေဖြတ်
နောက်မှာမင်းရဲ့အချစ်ကို
လှောင်နေရင်ခက် ... မယ်
မင်း ဆိုးမိုက်ခဲ့သမျှ
သင်ခန်းစာပါပဲ
မင်း ရူးရူးမိုက်မိုက်
ဇွတ်မတိုးချင်ပါနဲ့
ဇာတ်လမ်းတွေအကုန်ဖြတ်
နောက်ဆို မင်းရင် ဘတ်ကို
နာကျင်အောင်မလုပ် နဲ့
သူငယ်ချင်း ဒီလိုပဲ
သံသယာထဲ
မတည်မြဲတဲ့သစ္စာ
ဘဝဆိုတာ ဒါပဲ
လူဖြစ်တဲ့အခိုက်မှာ
ပျော်စရာတွေလည်း ရှိမယ်
ဒီဝေဒနာတွေလည်း အမြဲကြုံနေမှာပဲ
သူငယ်ချင်း နာကျင်လည်း မငိုပါနဲ့
ဒါလောကသစ္စာ
အချစ်ဟာ မာယာပဲ
ကုစားဖို့ခက်တာ သတိထားပါ
ဒဏ်ရာတွေနဲ့
ဒီနှလုံးသား
နောက်ဆို မချစ်မိအောင်ကြိုးစား
.......
မင်း သိပ်ချစ်တိုင်းလည်း
ပြန်ချစ်မယ်မထင်နဲ့
မင်း သိပ်လွမ်းတိုင်းလည်း
သူသိမယ်မထင်နဲ့
သံယောဇဉ်တွေဖြတ်
နောက်မှာမင်းရဲ့အချစ်ကို
လှောင်နေရင်ခက် မယ်
မင်း ဆိုးမိုက်ခဲ့သမျှ
သင်ခန်းစာပါပဲ
မင်းရူးရူးမိုက်မိုက် ရှေ့ မတိုးချင်ပါနဲ့
ဇာတ်လမ်းတွေ အကုန်ဖြတ်
နောက်ဆို မင်းရဲ့အ
သည်းကို နာကျင်အောင်မလုပ် နဲ့
သူငယ်ချင်း ဒီလိုပဲ သံသယာထဲ
မတည်မြဲတဲ့သစ္စာ ဘဝဆိုတာ ဒါပဲ
လူဖြစ်တဲ့အခိုက်မှာ
ပျော်စရာတွေလည်း ရှိမယ်
ဒီဝေဒနာတွေလည်း အမြဲကြုံနေရမယ်
သူငယ်ချင်း နာကျင်လည်း မငိုပါနဲ့
ဒါလောကသစ္စာ အချစ်ဟာ မာယာပဲ
ကုစားဖို့ခက်တာ သတိထားပါ
ဒဏ်ရာတွေနဲ့ ဒီနှလုံးသား
နောက်ဆို မချစ်တတ်အောင်ကြိုးစား
★
★
သူငယ်ချင်း ဒီလိုပဲ သံသယာထဲ
မတည်မြဲတဲ့သစ္စာ
ဘဝဆိုတာ ဒါပဲ
လူဖြစ်တဲ့အခိုက်မှာ
ပျော်စရာတွေလည်းရှိမယ်
ဒီဝေဒနာတွေလည်း
အမြဲကြုံနေမှာပဲ
သူငယ်ချင်း နာကျင်လည်း မငိုပါနဲ့
ဒါလောကသစ္စာ
အချစ်ဟာ မာယာပဲ
ကုစားဖို့ခက်တာ သတိထားပါ
ဒဏ်ရာတွေနဲ့ ဒီနှလုံးသား
နောက်ဆို မချစ်မိအောင်ကြိုးစား